Tuesday, September 24, 2013

Facebook အတွက် သိထားရမဲ့ အချက် များ



                                                                                               

ဒါကတော့ သိပြီးတဲ့ သူတွေလည် သိလောက်ကြမှာပါ ဒါပေမယ့် မသိသေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အတွက်ကို ရည်ရွယ်ပြီးပြန်တင်ပေးလိုက်ပါတယ်...

(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်Setting ထဲက Privacy Setting မှာ Block List ကို တွေ့ ရမှာပါ။ အဲဒီမှာ သင် Block လုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Request ထပ်ပို့ မှပဲ သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။

(၂) Comment တွေဖျက်ဖို့ Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။

(၃) သင့်ပုံ သူများ မမြင်စေချင်ရင်ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေ မယ်ဆိုရင် Remove Tag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကို ဖွင့်လိုက်ပါ။ အဲဒီ Photo (ပုံ) အောက်မှာ Tag ချိတ်ထားတဲ့ ကိုယ့်နာမည်ဘေးမှာ Photo နဲ့  Remove Tag ဆိုတာ တွေ့  ရပါမယ်။ Remove Tag လုပ်ရုံပါပဲ။ ဒါဆိုရင်သင့်ကို Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။


(၄) ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကို ပိုပြီး စိတ်ချရအောင်Account ထဲက Privacy Settings က Profile Information ကို သွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo, Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friends တွေပဲ တွေ့ စေချင်တာလား။ တခြားလူတွေပါ မြင်စေ ချင်သလားဆိုတာ ရွေးပါ။ Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာ တစ်ခုခု လုပ်ပါ။ Preview My Profile ကို ရွေးပြီး Check ကြည့်ပါ။


(၅) သင့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင်  Settings ထဲက Privacy Setting ထဲက Search ကိုရှာပါ။ အဲဒီမှာ Only Friends ကို ရွေးချယ်ပါ။ ခုဆိုရင် သင့် Friends တွေကပဲ သင့်ကို ရှာတွေ့  မှာပါ။


(၆) Facebook Layout ပြောင်းရန်Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး သင့် Facebook Profile ရဲ့ Skin ကို ပြောင်းလဲ ပေးပါလိမ့်မယ်။ Yontoo Lages အမည်ရှိ Add on software တစ်ခုကို Install လုပ်ရမှာ ဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကို ပြောင်းပေးမှာပါ။

(၇) Friends List ကို ဖျောက်ချင်ရင် Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends of Friends” လား၊ “Only Friends” လား၊  “Customize” လား တစ်ခုခု စိတ်ကြိုက် ရွေး လိုက်ပေါ့။

(၈) Game မကစားတော့ဘူးဆိုရင်Facebook ရဲ့ Farmville ကို သင်က အရင်က ဆော့ခဲ့ပေမဲ့ အခုတော့ ဆော့ဖြစ်တော့ဘူး ဆိုပါတော့။ ဒါပေမဲ့ လက်ဆောင် များစွာ က နေ့ စဉ် ရောက်ဆဲပါ။ ဒီပြသနာအတွက် Application Setting ကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။
    ။https://www.facebook.com/notes/ဖေ့ဘုတ်ဆိုင်ရာ-နည်းပညာများ

Facebook အကောင့်ယာယီပိတ်နည်း


                                                              

Facebook အကောင့်ယာယီပိတ်ထားချင်ရင်.
  1. Click the account menu at the top right of any Facebook page
  2. Choose Account Settings
  3. Select Security from the left-hand menu
  4. Click on "Deactivate your account"
 အဲ့နည်းကတော့ အကောင့်ကို ခဏပိတ်လိုက်တဲ့အတွက် ဖေ့ဘွတ်စာမျက်နှာမှာပျောက်နေမှာပါ ။ လိုချင်တဲ့အချိန် ၊ ပြန်သုံးချင်တဲ့ အချိန်မှာ ပြန်ပြီး Active လုပ်လို့ 
 ရပါတယ် message,invite,request တွေတော့ ၀င်နေမှာပါ ကိုယ်ပြန်သုံးတဲ့အချိန်မှာ ပေါ်လာမှာပါ.။

    ။https://www.facebook.com/notes/ဖေ့ဘုတ်ဆိုင်ရာ-နည်းပညာများ

Facebook Password မေ့ပါက-အသစ်ပြန်ပေးလိုပါက

 


ကျနော်တို့ ဖေ့ဘုတ်အကောင့် ပက်စဝှက်တွေ မေ့သွာတာပဲဖြစ်ဖြစ်.. မိမိအကောင့်ပက်စဝှက်တွေကို ပြန်ပြောင်ခြင်းတာပဲဖြစ်ဖြစ် အဲဒီအတွက် အခုဖော်ပြပါမယ်..ဒါပေမယ့် အခုဖော်ပြမှာပါ ပက်စဝှက်ပြန်ပြောင်းတာနဲ့ ပက်စဝှက်မေ့တာနဲ့ နှစ်ခုကို ဖော်ပြပေးပါမယ်..

အဆင့်-၁


အထက်ပါပုံအတိုင်း မေလ်ဖြည့်ပြီးပါက  password ဆိုတာနေရာမှာ တစ်ခုခုဖြည့်ပေးလိုက်ပါ...


အဆင့်-၂
အောက်ပါပံအတိုင်း ပေါ်လာပါမယ်...အဲဒီမှာ forgot password ဆိုတာကိုနှိပ်ပေးလိုက်ပါ..



အဆင့်-၃
အခုအဆင့်မှာတော့ မိမိပက်စဝှက်အသစ်ပြန်ပေးရန်အတွက်... Face Book ကနေ ကုဒ်နံပါတ်ပြန်ပို့ပေးမှ ပက်စဝှက်အသစ်လုပ်လို့ရမှာဖြစ်တဲ့အတွက်...

မိမိ Google အကောင့်ကိုလာ- ဖုန်းကိုလာ--မေလ်ကိုလာ ဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်..ကျနော်ကတော့ မေလ်နဲ့ပဲ လုပ်ပြမှာဖြစ်လို့ ကျနော် မေလ်ကိုပဲရွေးချယ်လိုက်ပါတယ်




အဆင့်-၎

အခုလို image ပေါ်လာပါက..စောစောက ကျနော်တို့ကနေပြီး လျှိုဝှက်ကုဒ်နံပါတ်ကို မေလ်ကိုပို့ခိုင်လိုက်တဲ့အတွက် မေလ်ကို သွာဖွင့်ပါမယ်..တကယ်လို့များ ဖုန်းနံပါတ်ကို ပို့ခိုင်မယ်ဆို Face Bok ကနေ ဖုန်းဆက်သွယ်လာပါတယ်... Hay You ဆိုပြီးလာပါမယ်...ကယ်အခုတော့ ကျနော်က မေလ်ကိုရွေးချယ်လိုက်တဲ့အတွက် မေလ်ကိုသွာပါမယ်.. အခု image မှာပါတာကို ဘာမှမလုပ်နဲ့နော်....


အဆင့်-၅

ပုံမှာပါတဲ့အတိုင်း မေလ်ပို့လိုက်ပါပြီး... အဲဒါကိုဖွင့်ပါမယ်..

ပုံမှာ ကျနော်မျှာပြထာတဲ့ ကုဒ်နံပါတ်တွေကို စောစောက စတ္ထုထအဆင့် မှာပြခဲ့တဲ့ image မှာပါတဲ့ ကွက်လပ်လေးမှာ အခုပို့လိုက်တဲ့ ကုဒ်တွေကိုဖြည့်ပါမယ်...(မှတ်ချက်-မျှာအမဲနဲ့ပြထာတာကို နှိပ်စရာမလိုပါ)

ကုဒ်တွေကိုဖြည့်ပြီးတာနဲ့ continue ကိုနှိပ်လိုက်ပါ...


အဆင့်-၆
အခုဆို ပက်စဝှက်အသစ်ပေးပါဆိုပြီး Boxပေါ်လာပါမယ် အဲဒီမှာ မိမိ ပက်စဝှက်အသစ် ကိုပြန်ရိုက်ထည့်လိုက်ပါ..

ပြီးတာနဲ့ continue ကိုနှိပ်လိုက်ပါ...အခုဆို မိမိအကောင့် ပြန်ပေါ်လာပါပြီး


ကယ်အဆင်ပြေကြပါစေ...........


ဆက်စပ်အကြောင်းတွေကို ထပ်ဖြည့်ပြီးပြောပါရစေ......နောက်တစ်ကြိမ်း မိမိပက်စဝှက်မေ့တာ-ပြန်ပြောင်းတာဆို  အဆင့်၂ မှာဖော်ပြခဲ့တဲ့ ပုံအစာအောက်ပါပုံပေါ်လာပါတယ်

ဒါပေမယ့်လည် ကိစ္စတော့မရှိပါဘူး....အဲဒီမှာ ကျနော်မျှာပြထာတဲ့အတိုင်း This Is My Account ဆိုတာကိုနှိပ်လိုက်ပါ ..ပြီးတာနဲ့ ထပ်ပေါ်လာမယ့်ပုံက
အဆင့်-၃မှာ ကျနော်ပြတဲ့ ပုံအတိုင်း အောက်ပါပုံအဖြစ်ပေါ်လာပါမယ်...


ဒီမှာကြတော့ တစ်ခါတည်ကို မေလ်လိပ်စာ+ဖုန်းနံပါတ်+ဖေ့ဘုတ်အကောင့်နာမည် ဆိုပြီးပေါ်လာပါတယ် ကိစ္စမရှိပါဘူး အဆင့်၃ မှာကျနော်ပြောခဲ့သလို ဖုန်းဖြစ်ဖြစ်-မေလ်ဖြစ်ဖြစ် ရိုက်ထည့်ပေးလိုက်ပါ... ကျန်တာတော့ တူတူပါပဲ...

အဆင်မပြေတာများ ရှိပါက ကွန်မန့်ချန်ပေးခဲ့ကြပါ..

   ။https://www.facebook.com/notes/ဖေ့ဘုတ်ဆိုင်ရာ-နည်းပညာများ

facebook မှာ online မှာဖြစ်ပေမယ့်လဲ တခြားသူတွေ offline လို့မြင်ရအောင်

ဥပမာ အကြောင်အမျိုးမျိုးကြောင့် ဖေ့ဘုတ်မှာ ကိုယ့်ကို သူများမမြင်အောင် ပုန်မယ်ဆိုပါက....


ပထမအဆင့်
အထက်ပါ ပုံအတိုင်း စက်သွားပုံ Options ဆိုတာကိုနှိပ်လိုက်ပါ


ဒုတိယအဆင့်
အောက်ပါပုံအတိုင်း Turn Off Chat ဆိုတာကိုနှိပ်လိုက်ပါ..

ဒါဆို မိမိသူငယ်ချင်းတွေက မိမိအကောင့်တတ်နေတာကို မမြင်တော့ဘူး တကယ်လို မိမိအနေနဲ့ လူရွေးပြောမယ်ဆို အောက်ပုံအတိုင်း ချက်ဘောက်ကိုမြင်တွေ့မှာဖြစ်ပါတယ်
အဲဒီအထဲက မိမိပြောခြင်းသူကိုယ် ရွေးပြီးပြောလို့ရပါပြီး...

News Feed မှာ မိမိမမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း

ကျနော်တို့ ဖေ့ဘုတ်မှာ နည်းပညာ-ကျန်းမားရေးဆိုင်ရာတွေ ဆောင်းပါတွေ ကဗျာတွေ နှင့် အခြာသော ဗဟုသုတဖြစ်စေမယ့် ပိုစ့်တွေပဲ ဖက်ခြင်းပြီး သူများကိုဆဲဆိုပုတ်ခတ်တဲ့ ပိုစ်တွေမဖက်ခြင်းဘူး မမြင်ခြင်းဘူးဆို အခုနည်းနဲ့ လုပ်လို့ပါ  တင်တဲ့သူကိုယ်လည် Unfriend/Block တွေလုပ်စရာမလိုပါဘူး

ဒီပုံမှာ ပြထားတဲ့အတိုင်း News Feed မှာ ကိုယ့်စိတ်အနှောက်ယှက်ဖြစ်တဲ့ သူရဲ့ page wall  ကိုသွားပြီး Friends button ကိုနှိပ် Shows in News Feed ကို uncheck လုပ်ပေးလိုက်။ဒါဆိုရင်စိတ်အနှောက်ယှက်ဖြစ်စေမယ် ပိုစ်တွေ ကိုယ့် News Feed မှာ တွေ့ရတော့မှာ မဟုတ်ဘူး

                                                                           

Tag လုပ်ထာသည်များကို စိစစ်ပြီးမှ ဖော်ပြမယ်

အခုကျနော်ပြောပြမှာကတော့ မိမိတို့ကို Tag လုပ်ထားတာတွေကို  ချက်ချင်း မိမိ Wall မှာမပေါ်အောင်လုပ်လို့  ရမယ့်နည်းလမ်းလေးတစ်ခုပါ။ တချို့သော် ပိုစ့်တွေကိ စိတ်အနှောက်တော်တော်ဖြစ်စရာကောင်းတဲ့ ပိုစ့်တွေ မိမိကိုယ်လာTagတယ်ဆို သွာပြောမို့ကလည် အားနာနေတာနဲ့ မပြောလည်မပြောခြင်း ဖြစ်နေတဲ့ သူငယ်ချင်းတွေ
အတွက် အဆင်ပြေမှာပါ။။ ကယ်စမယ်နော်..

အဆင့်-၁

facebook account က Privacy Settings settings ကိုနှိပ်ပါ 

အဆင့်-၂
 
အခုအဆင့်မှာ ပုံမှာပါတဲ့အတိုင်း Timeline and Tagging ဆိုတာလေက Edit Settings ဆိုတာလေးကိုနှိပ်ပါ..

အဆင့်-၃

ပုံမှာပါတဲ့ အတိုင်းEnabled ဆိုတာကိုရွေးပေးလိုက်ပါ
အဲသလို လုပ်ထာပါက ကိုယ့်ကို Tag တာတွေကို ချက်ချင်း မိမိ Wall မှာမပေါ်ပဲProfile ရှိ Activity Log တွင်သာNoti လေးဝင်နေတာကိုသာ တွေ့ ရပါလိမ့်မယ်။
Activity Log တွင် မိမိကို Tag လုပ်တာ ရှိသလောက် Noti တက်နေမှာ ဖြစ်ပါတယ်။ တကယ်လို မိမိ Wallမှာပေါ်စေချင်ရင်တော့ Approve (အမှန်ခြစ်) ပေးလိုက်ပါ သို့သော် မိမိ မပေါ်စေချင်ဘူးဆိုရင်တော့ Dismiss (အမှား) ကိုနှိပ်ပေးလိုက်ပါ..။

အဆင့်-၎

အခုအဆင့်မှာတော့ မိမိ Post တွေမှာ သူများတွေက Tag လုပ်တာတွေကို  Approve/Dismiss လုပ်ချင်တယ်ဆိုလျှင်တော့
အခုပုံမှာပါတဲ့အတိုင်းEdit Settingsကိုနှိပ်ပြီး  Enabled သွားပြီးလုပ်ပေးလိုက်ရင်ရပါတယ်။

အဲဒါဆိုရင်ကိုယ် Tag မလုပ်စေချင်တဲ့လူတွေလာ Tag နေတာကို ကာကွယ်လို့ ရပါတယ်။

အဆင်ပြေကြပါစေဗျာ

  ။https://www.facebook.com/notes/ဖေ့ဘုတ်ဆိုင်ရာ-နည်းပညာများ

facebook လုံးခြုံရေးနည်းလမ်းတစ်ခု


facebook security questions များကိုပြုလုပ်ရန်

အဆင့်-၁
 
facebook account settings ကိုသွာပါ


အဆင့်-၂
 Security ကိုသွာ၍မိမိ  စိတ်ကြိုက် အမေးဖြေများပြုလုပ်နိုင်ပါသည်..

ဖြေတဲ့နေရာမှာ ဥပမာ- သူမေးတယ်  ၈နှစ်ထိထိ ဘယ်မှာနေခဲ့သလည်ဆို.. ကိုယ့်ကရန်ကုန်မှာနေတာ လူတိုင်းသိနေတော့ မိမိအကောင့်ကို ဟက်တဲ့သူက ရန်ကုန်လို့ဖြည့်လိုက်တာနဲ့ အကောင့်ပါသွာမှာဖြစ်တယ်..အဲဒီတော့ ဘယ်လိုပေးရမယ်ဆိုတာ စဉ်စာပေါ့...

facebook security questions ကိုပြုလုပ်ထာခြင်းဖြင့် မိမိအကောင့်များကို အတော်သင့် လုံးခြုံမှုပေးနိုင်မည်ဖြစ်ပါသည်..

 ။https://www.facebook.com/notes/ဖေ့ဘုတ်ဆိုင်ရာ-နည်းပညာများ

Facebook မှတဆင့် မိမိစက်ကို Malware တွေမ၀င်ေ၇ာက်နိုင်အောင်




Facebook ကိုသုံးစွဲတဲ့အခါမှာ Facebook Wall မှာတင်ထားတဲ့လင့်တွေ ကနေပြီးတစ်ဆင့် မိမိစက်ကို Malware တွေမ၀င်ေ၇ာက်နိုင်အောင် Notorn Safe Web
မှတစ်ဆင့်မိမိရဲ့ Wall မှာနေ့စဉ်တင်သမျှလင့်တွေကို Auto Scan ဖတ်ပြီးစစ်ဆေးနိုင်ပါတယ်..

Facebook Wall မှတစ်ဆင့် Maleware တွေဝင်ေ၇ာက်မလာနိုင်အောင် Notorn Safe Web မှာ Auto Scarn ဖတ်ပြီးကာကွယ်ချင်သူများအတွက် အောက်ကလ င့် ကနေ တဆင့်သွာရောက် အသုံးပြုသင့်ပါတယ်...။

https://apps.facebook.com/nortonsafeweb/


အဆင်ပြေကြပါစေ အခက်ခဲများရှိပါက ကွန်မန့်ချန်ပေးခဲ့ပါ..

https://www.facebook.com/notes/ဖေ့ဘုတ်ဆိုင်ရာ-နည်းပညာများ

ဖေ့ဘုတ်မှာ အင်္ဂလိပ်လိုဖြစ်ဖြစ်-မြန်မာလိုဖြစ်ဖြစ် ပေးပြီးသာနာမည်ကိုပြန်ပြောင်း



မနေ့က ကျနော်သူငယ်ချင်းကို အရေးပေါ်အကူညီတောင်းပြီးအကောင့်ဖွင့်လိုက်ပါတယ် အခုအကောင့်ပါ နာမည်မပြောင်းမှီပုံပါ အဲဒါကိုပြောင်းပါမယ်


အဆင့်-၁
Account Setting ကိုသွာမယ်


အဆင့်-၂
ထို့နောက် General က Name ဆိုတာကိုနှိပ်လိုက်ပါ


အဆင့်-၃

ပုံမှာကျနော်ပြထာတဲ့အတိုင်း
၁-မှာ ကိုလင်း
၂-မှာ သလ္လာဝတီ လို့ပေးပြီးတော့

၃-မှာတော့ နာမည်အပြည့်အစုံ ကိုလင်း သလ္လာဝတီ လိုပေးလိုက်တယ်
4-မှာ မိမိအကောင့်ပက်စဝှက်ပေးပြီးတော့

၅-မှာ SaveChanges ကိုနှိပ်ပြီးတာနဲ့ မိမိတို့အကောင့်မှာ နာမည်တွေပြောင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်

အဆင်ပြေကြပါစေဗျာ


Q: Can I get hacked in Facebook?


Q: Can I get hacked in Facebook?

A : Facebook မှာ သတိမရှိတဲ့သူတွေသာ ဟက်ခံရတတ်မြဲပါ။ အကောင့်တစ်ခုကို ဟက်တဲ့အပိုင်းတွေက အများကြီးရှိပါတယ်။ အခြေအနေအထားအရပါ။ နှစ်ပိုင်းခွဲပြီးပြောကြတာပေါ့… ပထမတခုက Public ပါ။ နောက်တခုက Private ပါ၊ Public ဆိုတာ လူအများတကာ Share လုပ်တဲ့ဟာကို ပြောတာပါ… (ဥပမာ … ကွန်ပြုတာ ဆိုင်။ ကျောင်းသုံးကွန်ပြုတာ။ နောက် သူများကွန်ပြုတာလို့ လဲပြောလို့ ရပါတယ်) Private ဆိုတာ ကိုယ့်ဟာကိုယ် သုံးတဲ့စက်ပေါ့ဗျာ…

တကယ်လို့ သာ ကွန်ပြုတာ သုံးသူဟာ ၁) Public ကို သုံးတဲ့သူဟာ.. သူ့ အကောင့်ကို ၁၀၀% ဘယ်တော့မှ secure မဖြစ်ပါဘူး… ဥပမာ အင်တာနက်ဆိုင်ဆိုပါတော့ အင်တာနက်ဆိုင်က ကွန်ပြုတာတွေဟာ ဘယ်တော့ မှ ၁၀၀% clean မဟုတ်ပါ။ သူတို့ က ပိုက်ဆံရလျှင် သုံးလို့ ရအောင် သတ်သတ်သာဖွင့်ထားကြတာ သုံးတာတောင် License ရှိတဲ့ ဟာတွေ မရှိတာကများပါတယ်။ ဒါပေမယ့် လူတိုင်းကိုင် လူတိုင်းသုံးတော့ဗျာ Keylogger တွေခံရတတ်သလို Virus တွေလည်းခံရတတ်ပါတယ်၊
အင်တာနက်ဆိုင် လက်ဖက်ရည်ဆိုင်က WIFI ဘဲ သုံးတယ်ဘဲထား… LAN/Wifi ကနေသုံးတဲ့သူရဲ့  Secure Session တွေကို Hijack လုပ်ပါက သင့်အကောင့်ကို ယူသုံးလို့ ရတတ်ပါတယ်၊ (Secure Session ကို Hijack ဆိုတော့ Password တော့ သူတို့ မရနိုင်ပါ… အကောင့် ၀င်နေတဲ့အချိန်ပိုင်းသာ ရနိုင်ပါတယ်. အကောင့်ထွက်သွားလျှင် သူတို့ လဲသုံးလို့ မရပါ)
အင်တာနက်ဆိုင်ကို ထိုင်လျှင်တော့ ၁၀၀% Secure မဖြစ်ပေမဲ့ အင်တာနက်ဆိုင်က လူတွေ ညစ်ပတ်ပြီး Keylogger/Malware တွေ လုပ်ထားရင်တော့ ခံရတတ်ပါတယ်၊ ဒါပေမယ့် တချို့ သော Keylogger တွေကတော့ UTF စာဖြစ်တဲ့ မြန်မာစာတွေကို Log လုပ်တာ အဆင်မပြေပါဘူး။ Keylog ရရင်လည်း ပြန်ပြီး Encoding လုပ်ရပါတယ်။ သာမန်အဆင့်မရှိတဲ့ Script Kiddies တွေက ပြန်ပြီး Encoding လုပ်လို့ မရနိုင်ပါ၊ ဒါဆိုရင် ကိုယ့် Password ကို မြန်မာစာဖြင့် ပေးလို့ ရနိုင်ပါတယ်၊ (သတိပြုရန် = တခါတလေ.. ကိုယ့်ပြောင်းထားတော့ မြန်မာစာ Password နဲ့  ရိုက်တဲ့အခါ English နဲ့ ဝင်လျှင် မှားတတ်ကြတာတွေသတိပြုပါ၊ မြန်မာစာနဲ့ ရေးထားတဲ့ Password ကိုသာ ရေးထည့်ပြီး ၀င်ကြည့်ပါ)
Public Lan ဘဲဖြစ်ဖြစ် Public WIFI ဘဲဖြစ်ဖြစ်သုံးတဲ့လူတွေကတော့ VPN ကိုသုံးပါက မသာမှာသူက Sniffing လုပ်တဲ့အခါ Packages တွေ Session တွေကို Hijacked မလုပ်နိုင်ပါ၊ ကဲ VPN ဘဲသုံးကြပါ တကယ်လို့  သင်ဟာ သူများ Public WIFI ကို သုံးလျှင်၊
Private က လူတွေကို ဟက်ခံရပြီဆိုရင်တော့ အဲဒီလူဟာ EXE သို့ မဟုတ် ကွန်ပြုတာထဲကို Download လုပ်ပြီး သွင်းတဲ့ Malware တခုခုကြောင့် ဖြစ်နိုင်သလို Phishing link ကို သွားပြီး password ရိုက်ပေးပြီး ၀င်မိတာတို့ ကြောင့် ဖြစ်တတ်ပါတယ်၊
Facebook မှာ နောက်တခုက Download မလုပ်ဘဲခံရတတ်ကတော့ Facebook App ပါ။ ပေါက်တတ်ကရ Facebook App တွေကို Account နဲ့  Link လုပ်ခြင်းဖြင့် ခံရတတ်ပါတယ်၊ တခါတလေ မြင်မှာပါ Spam တွေ ကိုယ်မတင်ဘဲ ကိုယ်အစားတင်ပေးတဲ့ Post တွေ… post အောက်ဘက်မှာ တွေ့ မှာပါ Via this app name ဆိုတာတွေ။ မသိတဲ့လူတွေကတော့ သူများ လုပ်တိုင်း App တွေသွင်းလျှင် ကိုယ်လည်းသွင်းလုပ်လျှင် သူများခံသလို ကိုယ်လည်းခံရတတ်ပါတယ်၊ App တွေကို ဒီနေရာမှ Remove လုပ်နိုင်ပါတယ် http://www.facebook.com/settings?tab=applications ။ ယုံကြည်ရတဲ့ App ကို သုံးရင်တော့ ဘာမှမဖြစ်ဘူးပေါ့ဗျာ၊ တကယ်လို့  App က Spam လုပ်ပြီဆိုလျှင် အဲဒီ App ကို Report လုပ်ပြီး Remove လုပ်ထားလိုက်ပါ၊
နောက်တခုကတော့ သူငယ်ချင်း ၃ ယောက်နည်းပါဘဲ၊ လူတွေ လာလာ အပ်တိုင်း ကိုယ့်ဟာကိုယ် နာမည်ကြီးနေပြီလို့  မထင်ပါနဲ့  ။ ကိုယ့်ကို လူတိုင်းသိနေပြီလို့  မထင်ပါနဲ့ ၊ ကိုယ့်ကိုယ်အမြင်ကတ်လို့  အလွတ်ဆုံးနည်းလမ်းဖြင့် လာရောက် Friend request လုပ်ပြီးနောက် စကားပြောဟန်ဆောင်ပြီးလုပ်က Password reset ချနိုင်တယ်ဆိုတာ သတိပြုပါ၊ ဒါပေမယ့် အမြဲတမ်း Online မှာ တက်နေတဲ့ သူတွေအတွက် ဘာမှ မဖြစ်နိုင်ပါ၊ ပြီးတော့ Account အတွက် Security Question ကို ချထားသူများအတွက် ပိုပြီးကောင်းပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ Security Question က Password recovery လုပ်တဲ့အခါအရင်မေးတတ်ပါတယ်၊ တကယ်လို့  ပထမဆုံးသူတို့  Security Question မမှန်ကန်ပါက သူတို့  Three Friends Steps ကို သွားခွင့်မပေးပါဘူး။ Security Question Disable ဖြစ်မှသွားမှသာ Three Friends Selection ကို ရနိုင်မှာဖြစ်ပါတယ်၊ Three Friends Selection ကို ရသွားရင်တောင် ၂၄ နာရီလုံးလုံး အချိန်စောင့်နေရမှာဖြစ်ပါတယ်၊
EXE တွေ File တွေ ပြီးတော့ Phishing Link တွေကို မသာမှာသူများက လာရောက်ပြောဆိုသွားတာကို ယုံကြည့်လို့  လုပ်မိသူများသာ ခံရတတ်ပါတယ်၊
ရှင်းရှင်း ပြောရလျှင် ဟိုမရ ဒီမရကောင်လေးတွေ ဘာမှန်းမသိ Hacking ကိုလုပ်နေတယ်ဆိုသူတွေက အများကြီး အဲဒီနေရာမှာ ခံရမြဲပါ၊ သာမန်လူနဲ့  အဲဒီလိုလူ နှစ်ယောက်ကို ဟက်မယ်ဆိုရင်ဟိုမကျ ဒီမကျ Hacking ဆိုတဲ့ စကားပြောနေတဲ့ကောင်လေးကို အရင်ဟက်လို့ ရနိုင်ပါတယ်၊
ဘာဖြစ်လို့ လဲဆိုတော့ အဲလိုလူတွေကို အယုံသတ်ရတာ လွယ်သလို .. ဟေ့ဒီမှာ ဟိုဟာကို Hack လို့ ရတဲ့ Tools ကို သုံးကြည့်ပါလားဆိုပြီး ထိုးထည့်လိုက်ရင် သူ့ တို့ ကတော့ ကိုယ့်ဟာကို ဆရာကြီးလို လုပ်ပြီး Fake Ware ကို သွားပြီး Download လုပ်ပြီး ဖွင့်ကြည့်ပါက ခံရတတ်မြဲပါ၊ သာမန်လူမှာက အဲလိုဟာမျိုးတွေက မလိုတာ၊ ဘာလုပ်မှာလဲ အချိန်ကုန်ခံပြီးတော့လေ၊
ကဲ သူများတွေ ဘာပေးပေး သတိနဲ့  နေရင် ဘာမှမဖြစ်ပါဘူး (အေးအေးဆဲဆဲနေမယ်) ဆိုရင် ဘာမှမဖြစ်ပါဘူး၊ ကိုယ်မသိတဲ့လူက ပို့ လို်က်တဲ့ Email တွေမှာ ပါတဲ့ File တွေကို ပြီးတော့ Offical site မဟုတ်ဘဲ file shared မှာ Download ရမယ့် Link တွေကို ဆိုရင် သတိထားပါ၊ သူများ Tools တွေ Software တွေ လာပေးပါက Official site Link ကိုတောင်းပါ၊ မပေးနိုင်လျှင် Fakeware (malware) ဖြစ်ပါတယ်။ Tools EXE files တွေ လာပေးပါက နာမည်မေးပါ… ဘယ်ဟာလဲ.. ဘာလုပ်တာလဲ… ပြီးတော့ Google မှာ ရှာလျှင် အဲဒီဟာက ဘာလုပ်တာလဲ ဆိုတာ သိနိုင်ပါတယ်၊
Facebook ကို Secure လုပ်ချင်လျှင် http://facebook.com/hacked ကို သွားလိုက်ပါ။ ပြီးလျှင် Step By Step Facebook လုပ်ခိုင်းအတိုင်း Password/Security Question ချလိုက်ပါ၊
ပြီးတော့ လူတိုင်းက Password တစ်ခုတည်းကို နေရာတိုင်းတွင် သုံးလေ့ရှိပါတယ်၊ အဲသလိုမျိုး ထားတာ မကောင်းပါဘူး။ တခုခံရလျှင် နောက်တခုလည်း တပါတည်း ခံရတတ်ပါတယ်၊ အဲဒါကြောင့် တခုနဲ့  တခုထားတဲ့ ဟာတွေ ကို မတူပါစေနဲ့ ၊
နောက်ဆုံးပိတ်အနေနှင့် ပြောရလျှင် ရိုးရိုးလေးသာ Facebook ကို သုံးလျှင် ဘာမှမဖြစ်နိုင်ပါဘူး၊(အကောင့်ဟက်ခံရတာ ပြောတာပါ)၊ အကောင့် Report ခံရလို့  ပိတ်သွားလျှင် တာကတော့ တမျိုးပေါ့ဗျာ၊

groups များမှထွက်လိုပါက

အောက်ပါပုံအတိုင်း ဖေ့ဘုတ် မူလစာမျက်နှာမှာ မိမိဝင်ထာသည့် groups များကိုတွေ့ပါမယ်...
ထို့နောက် groups ထွက်လိုသည်groups အပေါ် မောစ့်တင်လိုက်ပါ အောက်ပါပုံအတိုင်း ခဲတံပုံလေးကိုတွေ့ပါမည်..
ခဲတံပုံလေးကိုနှိပ်လိုက်ပါ...


ထို့နောက် ခဲတံပုံလေးကို နှိပ်ပြီးပါက အောက်ပါအတိုင်းပေါ်လာသည့်မှ Leave Group ဆိုတာကိုနှိပ်ပါက
မိမိထွက်လိုသည် Group မှထွက်ပြီးသာဖြစ်ပါမည်။

Facebook မှ တဆင့် တစ်စုံတစ်ယောက် ရဲ့ IP address ကို သိလိုလျှင်



-မိမိ ip သိလိုသူကို chat box မှာ chatting လုပ်နေပါ
-အဲ့ဒီ အချိန် တစ်ပြိုက်နက်တည်းမှာ window ရဲ့ 
cmd (command promp) ကို သွားပါ ။
-cmd ကိုရောက်လျှင် netstat ဆိုတဲ့  command ကိုရိုက်ထည့်ပါ။
အဲ့ဒါဆိုရင်တော့ မိမိ သိလိုသူ ရဲ့ IP လိပ်စာကို ရရှိမှာဖြစ်ပါတယ်။

အထက်ပါအဆင့်ကိုလုပ်ဆောင်ရာတွင် အထူးသတိပြုရမှာကတော့
browser က history and cache တွေကို ရှင်းလင်းထားဖို့ လိုအပ်ပြီး တစ်ခြား အသုံးပြုနေတဲ့ tab တွေကို ပိတ်ထားပြီး facebook chat နေတဲ့  tab တစ်ခုပဲဖွင့်ထားရမှာဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

credit to Al Pha Vanishing

   ။https://www.facebook.com/notes/ဖေ့ဘုတ်ဆိုင်ရာ-နည်းပညာများ

မိမိprofileကို ဘယ်သူအကြည့်များဆုံးဆိုတာ ကြည့်လို့ရပြီး

တိုအဆင့်-1
ဖေ့ဘုတ်ကိုဖွင့်ပါ မူလမျက်နှာမှာ အောက်ကအတိုင်း လွတ်တဲ့နေရာမှာ ညာဘက်ကလစ်ကိုနှိပ်လိုက်ပါ (အောက်ပါပုံကိုကြည့်ပါ)


အဆင့်-2
ထို့နောက် ပေါ်လာသည့် boxမှ view page source ဆိုတာကိုနှိပ်လိုက်ပါ ထို့နောက်အောက်ပါပုံအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်
အောက်ပါအတိုင်ပေါ်လာပါက Ctrl+F ကိုတွဲးလိုက်ပါက အောက်ပါအတိုင်း boxပေါ်လာပါမည်..အောက်ပါပုံမှာ Google chrome
မှာ ပြုလုပ်ထာသည့်ပါဖြစ်ပါသည်။Google chrome Ctrl=+F နှင့်တွဲးနှိပ်ပြီးပါက အပေါ်မှာပေါ်မှာဖြစ်ပြီး mozilla firefox မှာတော့
အောက်ခြေမှာပေါ်လာမှာဖြစ်ပါသည်။


အောက်ပါပုံမှာ mozilla firefox မှာ Ctrl=+F နှင့်တွဲးနှိပ်ပြီး ပေါ်လာသည့်ပုံဖြစ်ပါသည်။


ထို့နောက်ပေါ်လာသည့် Box မှာ orderedfriends ဆိုတာကိုရိုက်ထည့်လိုက်ပါ..
ထို့နောက် အောက်ပါပုံအတိုင်း highlightဖြင့် ပြထာသော စာ၏နောက်မှ list ထဲမှာ ပထမဆုံဂဏာန်အတွဲးကို ကော်ပီကူးယူလိုက်ပါ..



အဆင့်-3
ထို့နောက် Facebook စာမျက်နှာရှေ့ကိုသွာပြီးနောက် https://www.facebook.com/ စောစောကော်ပီကူးယူလာသည့် ဂဏာန်ကိုနောက်မှာထည့်ပြီး Enter ခေါက်လိုက်ပါ
ထို့အခါ မိမိprofileကို အကြည့်များဆုံးသူကိုယ်တွေ့၇မှာဖြစ်ပါတယ်...

  ။https://www.facebook.com/notes/ဖေ့ဘုတ်ဆိုင်ရာ-နည်းပညာများ

မိမိprofileကို ဘယ်သူအကြည့်များဆုံးဆိုတာ ကြည့်လို့ရပြီး

တိုအဆင့်-1
ဖေ့ဘုတ်ကိုဖွင့်ပါ မူလမျက်နှာမှာ အောက်ကအတိုင်း လွတ်တဲ့နေရာမှာ ညာဘက်ကလစ်ကိုနှိပ်လိုက်ပါ (အောက်ပါပုံကိုကြည့်ပါ)


အဆင့်-2
ထို့နောက် ပေါ်လာသည့် boxမှ view page source ဆိုတာကိုနှိပ်လိုက်ပါ ထို့နောက်အောက်ပါပုံအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်
အောက်ပါအတိုင်ပေါ်လာပါက Ctrl+F ကိုတွဲးလိုက်ပါက အောက်ပါအတိုင်း boxပေါ်လာပါမည်..အောက်ပါပုံမှာ Google chrome
မှာ ပြုလုပ်ထာသည့်ပါဖြစ်ပါသည်။Google chrome Ctrl=+F နှင့်တွဲးနှိပ်ပြီးပါက အပေါ်မှာပေါ်မှာဖြစ်ပြီး mozilla firefox မှာတော့
အောက်ခြေမှာပေါ်လာမှာဖြစ်ပါသည်။


အောက်ပါပုံမှာ mozilla firefox မှာ Ctrl=+F နှင့်တွဲးနှိပ်ပြီး ပေါ်လာသည့်ပုံဖြစ်ပါသည်။


ထို့နောက်ပေါ်လာသည့် Box မှာ orderedfriends ဆိုတာကိုရိုက်ထည့်လိုက်ပါ..
ထို့နောက် အောက်ပါပုံအတိုင်း highlightဖြင့် ပြထာသော စာ၏နောက်မှ list ထဲမှာ ပထမဆုံဂဏာန်အတွဲးကို ကော်ပီကူးယူလိုက်ပါ..



အဆင့်-3
ထို့နောက် Facebook စာမျက်နှာရှေ့ကိုသွာပြီးနောက် https://www.facebook.com/ စောစောကော်ပီကူးယူလာသည့် ဂဏာန်ကိုနောက်မှာထည့်ပြီး Enter ခေါက်လိုက်ပါ
ထို့အခါ မိမိprofileကို အကြည့်များဆုံးသူကိုယ်တွေ့၇မှာဖြစ်ပါတယ်...

  ။https://www.facebook.com/notes/ဖေ့ဘုတ်ဆိုင်ရာ-နည်းပညာများ

မိမိ block လုပ်ပြီးသားသူကိုဘယ်လိုပြန်ရှာရလဲ

ညီလေးတစ်ယောက်က block လုပ်ပြီးသားသူကိုဘယ်လိုပြန်ရှာရလဲ ဆိုတာလာမေးလို့ပါ..မသိသေးတဲ့ သူငယ်ချင်းတွေလည် လေ့လာရတာပေါ့ဗျာ

ပထမအဆင့်
အောက်ကပုံအတိုင်း Privacy Settings ကိုနှိပ်လိုက်ပါ 




ဒုတိယအဆင့်
အောက်ကပုံအတိုင်း Blocked People and Apps ဆိုတာမှာ Manage Blocking ဆိုတာကိုနှိပ်လိုက်ပါ



တတိယအဆင့်
အောက်ကပုံအတိုင်း Block users မှာ မိမိဘလောခ်ထာတဲ့သူတွေကို တွေ့မြင်မှာဖြစ်ပါတယ်


အဲဒီမှာ မိမိBlock လုပ်ထာတဲ့သူကိုယ် ပြန်ဖွင့်ပေးလိုပါက Block users အရှေ့မှာ Unblock
ပြန်လုပ်ပေးလိုက်ပါ အဆင်ပြေပါစေဗျာ

 ။https://www.facebook.com/notes/ဖေ့ဘုတ်ဆိုင်ရာ-နည်းပညာများ

3 trusted friendsဖြင့် Facebook အကောင့်ယူနည်း နှင့် ကာကွယ်နည်း



အခုပြောပြမယ့်လမ်းကတော့ လူတိုင်းသတိမထာမိတဲ့အချက်တွေပါ သတိပြုမိတဲ့သူတွေလည်ရှိမှာပါ မရှိတဲ့သူတော့ တော်တော်များပါတယ် ကျနော်တွေ့သမျှတော့ တော်တော်များတယ် ဒါပေမယ့်လည် သွာမပြောရဲဘူး တော်ကြာကိုယ်ပြောပြီးမှ သူ့အကောင့်တစ်ခုခုဖြစ်တယ်ဆို ပြသနာရှာမှာဆိုလို့။ ကျနော်တွေ့သမျှ
ထဲက သံဃာတော်တွေပိုင်းတဲ့အကောင့်တွေလောက်ပဲ သတိပေးပြောပါတယ်.ကိုယ်တွေအချင်းချင်းတော့မပြောရဲလို့ အခုလိုပိုစ့်လေးတင်ဖြစ်သွာတာပါ အောက်မှာလေ့လာကြပါ





အထက်ပါပုံအတိုင်း ကျနော်တို့ ပြစ်မှတ်ရဲ့ဖေ့ဘုတ်အကောင့်က About ကိုနှိပ်ပြီးဝင်လိုက်ပါမယ် Contact Info မှာ အကောင့်ကိုဖွင့်ထာတဲ့ Email ကိုဖွတ်ပေးမယ့်
ဖေ့ဘုတ်မေလ်ကိုတော့မဖွက်ထာတဲ့အတွက် အဲဒီပုံမှာပါတဲ့အတိုင်း အဲဒီမေလ်နဲ့အကောင့်ကိုယူပါမယ်..ပုံမှာပါတဲ့မေလ်ကို Copyကူးယူလိုက်ပါ..ထို့နောက်

အဆင့်-1


Facebook – Browser ထဲကို ဝင်လိုက်ပြီးနောက် အထက်ပါပုံအတိုင်း Email or Phone ဆိုတဲ့ Box မှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါမယ်
ထို့နောက် Forgot your password? ဆိုတာကိုနှိပ်လိုက်ပါ။


အဆင့်-2


Email, phone or Facebook username ဆိုပြီးအထက်ပါပုံအတိုင်း ပေါ်လာပါတယ်။Email, phone or Facebook username ဆိုတဲ့ Boxမှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါ ..ဖြည့်ပြီးပါက Search ဆိုတာကိုနှိပ်ပါက ကျနော်တို့လိုခြင်းနေတဲ့ ဖေ့ဘုတ်အကောင့်ပေါ်လာပါမယ်။


အဆင့်-3
 

အထက်ပါပုံအတိုင်း သင့်အကောင့်လားလို့ဆိုပြီးမေးလာပါမယ်.. အဲဒီမှာပါတဲ့ Yes , This is my account ကိုနှိပ်ပေးလိုက်ပါ


အဆင့်-4


အထက်ပါပုံအတိုင်း Pasword ပြန် rest လုပ်မလားလို့ မေးပါလိမ့်မယ် ခဏနေအုန် ဘာမှမနှိပ်ပါနဲ့။ အရေးကြီးတဲ့ အပိုင်းစလာပါပြီး ကျနော်တို့ ရယူမို့ကြိုစားနေတဲ့ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာနေတယ်ဆို I have on longer use this account ဆိုတာပေါ်နေပြီး။လက်ရှိအသုံးပြုနေဆဲဆိုပါက No longer have access to these? ဆိုပြီးပေါ်နေပါမယ် အခုကျနော်ယူမယ့်အကောင့်က သုံးနေဆဲအကောင့်ပါ.အဲဒီတော့  No longer have access to these? ဆိုတာကိုနှိပ်လိုက်ပါမယ်


အဆင့်-5


I have no longer use this account ကို နှိပ်လိုက်ပြီးပါက အထက်ပါပုံအတိုင်း
Please enter an email address that you know you can access. We'll use this address to send you messages about recovering your account.
ဆိုပြီးတော့ boxထပ်ကျလာပါမယ်အဲဒီမှာ  email address  ဖြည့်စွက်ရမယ့်မေလ်က Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ မေလ်အသစ်ဖြစ်ရပါမယ်.အဲဒီမှာပုံအတိုင်း
မေလ်ကိုနှစ်ကြိမ်းဖြည့်ရပါမယ်သို့သော် ကျနော်တို့ဖြည့်လိုက်တဲ့မေလ်ကို ဖေ့ဘုတ်ကနေ မေလ်ပို့လာမှာမဟုတ်ပါဘူး ဘာဖြစ်လို့လည်ဆိုတော့  Security layerကြောင့်ပါ။
ကယ်ကျနော်တို့မေလ်အသစ်ဖြည့်ပြီးပါက Continue ဆိုတာကိုနှိပ်လိုက်ပါမယ်..။


အဆင့်-6


 အထက်ပါပုံကတော့ ဒီအကောင့်ကို ရယူရန်အတွက်လုပ်ဆောင်ရမယ့်အဆင့်ကိုပြထာပါ..ထို့နောက် Continue ဆိုတာကိုပဲ ဆက်နှိပ်ပါ


အဆင့်-7
 
စပါပြီး 3 trusted friends အစီစဉ်ကျနော်တို့ရယူမယ့်  Facebook အကောင့်ထဲက 3 trusted friends ရွေးရပါတော့မယ် အဲဒီအကောင့်ထဲမှာ ကျနော်တို့အနေနဲ့
3 trusted friends အစီစဉ်အောင်မြင်အောင် အကောင့်တွေကြိုတင်အက်ထာပြီးတော့ အဲဒီထဲက ကျနော်တို့ အက်ထာတဲ့အကောင့်3ခုကိုရွေးလိုက်ပါမယ်
အကောင့်3ခုရွေးပြီးပါက Continueဆိုတာကိုနှိပ်ပါ..(မှတ်ချက်-အကောင့်တစ်ခုရွေးပြီးတိုင်Continueဆိုတာကိုနှိပ်ပါ)


အဆင့်-8

အထက်ပါပုံအတိုင်း သူငယ်ချင်3းယောက်ရွေးပြီးပါက Send Codes to Friends ဆိုတာကိုနှိပ်လိုက်ပါ..။


အဆင့်-9


အထက်ပါပုံအတိုင်း ကျနော်တို့ရွေးချယ်လိုက်တဲ့ အကောင့်3ခုကို ကုဒ်တွေပို့လာပါမယ် အဲဒီကုဒ်တွေကို ဖြည့်ပြီးပါက  Submit Condes ဆိုတာကိုနှိပ်ပါက.။
အဲဒီအဆင့်ပြီးတာနဲ့ -ကျနော်တို့ရယူမယ့်အကောင့်ကို Recover လုပ်ရပါပြီး..။

ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းပါ ဘာTool မှမသုံးပဲ ဟက်သွားတာ ဖြစ်ပါတယ်။ဒီလောက်လွယ်တာလည်ဆိုတော့ Security Question ကိုမခံထာလို့ပါ တကယ်လို့ Security Questionခံထာလည် လွယ်တဲ့ Security Questionပြုလုပ်ထာပါကလည် ရယူသွာပါမည်။
ကျနော်တို့အနေနဲ့ အကောင့်ယူလို့မအောင်မြင်ရင်တောင် အဲဒီအကောင့်သေချာပေါက် Lock ကျပါမယ်.အင်မတန် ကြောက်စရာ ကောင်းပါတယ်။


ကာကွယ်ရမယ့်အချက်တွေကတော့

1-  Facebook ဖွင့်ထားတဲ့ Emailကို Only Me လုပ်ထာပါ။
2- Facebook ကပေးတဲ့  Emailကိုလည် Only Me လုပ်ထာပါ
3- Security Question ကို လေးလေးနက်နက်ပြုလုပ်ထာပါ
4-ကိုယ့်မသိတဲ့ သူတွေလာအက်ရင်လက်မခံမို့ပါ

Security Question ကို ပြီးပြီးရောဆိုပြီး အလွယ်တကူတွေထားတော့ ရယူမယ့်သူက အေးဆေယူသွာမှာပေါ့။ Security Question လေးလေးနက်နက်ပြုလုပ်ထားရင် အကောင့်ဟက်ခံရခြင်းမှစိတ်ချရပါမယ်။


အဓိကသတိပေးခြင်းတာကတော့ Security Questionလေးလေးနက်နက်ပြုလုပ်ထာပါလို့အကြံပြုခြင်းပါတယ်။


အခုပိုစ့်လေးကို မိတ်ဆွေ သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ဆုံးခြင်းမရှိစေရန် လက်ဆင့်ကမ်းမျှဝေးပေးပါရန် တိုတ်တွန်းလိုက်ပါသည်။https://www.facebook.com/notes/ဖေ့ဘုတ်ဆိုင်ရာ-နည်းပညာများ