Tuesday, September 17, 2013

Xperia များကို Root လုပ်ခြင်း နှင့် Myanmar Font သွင်းခြင်း

Sony Xperia ဖုန်းတွေနဲ့ အင်တာနက် သုံးသူများ အတွက် Myanmar Font ကတော့ မဖြစ်မနေလိုအပ်တာပါပဲ။ အဲ့အတွက် Myanmar Font သွင်းဖို့ဆို ဆိုင်မသွားဘဲနဲ့ ကိုယ်တိုင် သွင်းချင်သူများ အတွက် ဒီ Post လေးကအဆင်ပြေမယ်လို့ထင်ပါတယ်။
ပထမ ဦးဆုံးအနေနှင့်ပေါ့ မည်သည့် Andorid OS သုံး ဖုန်းအများစုမှာ Myanmar Font သွင်းဖို့ဆို မိမိ၏ ဖုန်းမှာ Root Acces ရှိဖို့လိုပါတယ်။ ဖုန်းကို  Root Acces ရဖို့က အရမ်းမခက်ပါဘူး။ တော်တော်လေးလွယ်တယ်လို့ပြောလို့ရပါတယ်။
မိမိ ဖုန်းကို Root ဖြည်ဖို့ဆိုရင် အရင် Root ဖြည်မယ့် .zip file လေးကိုတော့ Download အရင်ဆွဲသင့်ပါတယ်။
 Zip File လေးရဲ့ Download Link ကတော့ https://www.dropbox.com/s/ksmp7ykxgmaecfo/Root_with_Restore_by_Bin4ry_v3.rar?m
 zip file လေးကို Download ဆွဲပြီးပီ ဆိုပါက မိမိ Download ဆွဲလိုက်တဲ့ zip file လေးကို မိမိ Computer ရဲ့ တစ်နေရာမှာ unzip လုပ်လိုက်ပါ။ unzip လုပ်ပြီးတဲ့အခါမှာ မိမိ Root ပြုလုပ်မည့်
Xperia ဖုန်းကို Computer နှင့်ချိတ်ဆက်လိုက်ပါ။ ထိုသို့ ချိတ်ဆက်ရမှာ USB Debugging ဆိုတာလေးကို On ပေးထားဖို့တော့ လိုပါတယ်။ အဆိုပါ USB Debugging ရဲ့ တည်နေရာ Setting ထဲမှာပါ။ အခုနောက်ပိုင်း Ice-cream Sandwich (ICS) (4.0) version တွေမှာ ဆိုရင်တော့ Setting အောက်မှ Developer options ရဲ့ အောက်မှာရှိပါတယ်။
အစပိုင်း Ginger Bread (2.3) version တွေမှာ တော့ Setting- Application- Development အောက်မှာတွေ့နိုင်ပါတယ်။ USB Debugging ကို On ပီးသွားရင်တော့  zip file ကို unzip လုပ်ပီးပါက ရရှိလာသည့် Folder ထဲကိုဝင်လိုက်ပါ။ အဲ့ဒီ Folder ထဲမှာ RunMe.bat  ဆိုတဲ့ Batch file လေးကို Run လိုက်ပါ။



အဆိုပါ Batch File လေးတက်လာတဲ့အခါမှာ မိမိ Root လုပ်မည့်ဖုန်းအမျိုးအစားကို ရွေးခိုင်းပါလိမ့်မည်။  ဥပမာ Xperia P ဆိုလျှင် LT22 ကိုရွေးချယ်ရပါမယ်။ အဲ့ဒါဆို မိမိ ၏ ဖုန်းအမျိုးအစားပါသည့် နံပါတ်လေးကို နှိပ်ပြီး Entre ခေါက်လိုက်ရုံပါပဲ။ Enter ခေါက်ပြီးပြီဆိုပါက ထို Application ၏ ညွန်ကြားများအတိုင်းလိုက်လုပ်ပါ။ မိမိဖုန်း၏ Backup & Restore ဆိုတဲ့ Application ဆိုတဲ့ အထဲကိုဝင်ပြီး Restor မှာ Root Me ကို ရွေးပြီး 
Restore လုပ်လိုက်ပါ။ ထိုသို့ လုပ်ပြီးသည်နှင့်တပြိုင်နက် မိမိ ဖုန်းမှာ Auto Restart ကျသွားပါလိမ့်မည်။ ထိုသို့ဖြစ်သွားသည်ကို စိတ်မပူပါနဲ့။ ဖုန်းမှာ သူ့အလိုလိုပြန်တက်လာပါလိမ့်မည်။ ဖုန်း OS ပြန်တက်လာပြီဆိုပါက မိမိဖုန်းမှာ Root လုပ်ပြီးသားဖြစ်သွားပါပြီ။ Root လုပ်တဲ့အဆင့်အောင်မြင်သွားပြီဆိုတော့ အခုဆက်လက်လုပ်ဆောင်ကမှာက Myanmar Font ကို Install 
လုပ်ဖို့ပါပဲ။
http://db.tt/hWke0kQQ ဆိုတဲ့ လင့်လေးမှာ ရယူနိုင်ပါတယ်။ Myanmar Mobile App Store ကပေးထားတာပါ။
ပြီးရင် မြန်မာကီးဘုတ်လေးကို ထပ်တင်ပါ။ ဒါဆိုရင် မြန်မာလို ဖတ်လို့ရသလို ရေးလို့ရသွားပါလိမ့်မယ်။
http://www.filecrop.com/myanmar-keyboard.apk.html  ဒီလင့်လေးမှာတော့ မြန်မာကီးဘုတ်နဲ့ တခြား apk လေးတွေအများကြီးတွေ့ရမှာပါ။ ကြိုက်နှစ်သက်ရာကို Download ဆွဲယူနိုင်ပါတယ်။ 
Ko Joey တင်ဆက်သည်။

No comments:

Post a Comment